Fungicide
အစွမ်းထက်သော အရည်အသွေးကောင်း မှိုသတ်ဆေးများ

ဆိုက်နေး
Cymoxanil 25% WP
ဆိုက်နေး

ဆိုက်နေး
Cymoxanil 25% WP
- ဆိုက်နေးသည် မှိုများ၏ ဇီဝကမ္မဖြစ်စဥ်များအား နှောင့်ယှက်ဟန့်တားလျက် ယင်းတို့၏ ကြီးထွား ပွားများ ဖွံ့ဖြိုးမှုတို့ကို ထိခိုက်သက်ရောက်စေပါသည်။ အထူးသဖြင့် Nucleic acids ဖွဲ့စည်းရာတွင် အရေးပါသည့် Dihydrofolate reductase အင်ဇိုင်း၏ လုပ်ငန်းများကို ဟန့်တားပေးခြင်းဖြစ်ပါသည်။ ယင်းအင်ဇိုင်းအား ဟန့်တားခြင်းဖြင့် မှိုဆဲလ်များ၏ လုပ်ဆောင် ချက်များကို ပျက်စီးစေပြီး မှိုမျှင်များ ရှင်သန်ဖွံ့ဖြိုးမှု ရပ်တန့်သွားစေပါသည်။
- ဆိုက်နေးသည် ထိသေနှင့် ပင်လုံးပြန့်မှိုသတ်ဆေးဖြစ်ပါသည်။ ရောဂါဖြစ်စေသည့် သက်ရှိမှို များသည် မှိုသတ်ဆေးနှင့် ထိတွေ့သေဆုံးစေရုံမျှသာမက အပင်များမှ စုပ်ယူရရှိနိုင်ပြီး အပင်တီသျှူးများသို့ ပျံ့နှံ့ရောက်ရှိသည်။ ထို့ကြောင့် ကျရောက်ဖြစ်ပွားနေသည့် မှိုရောဂါတို့ အား နှိမ်နင်း၍ နောက်ထပ် ကျရောက်မှု မရှိစေရန်လည်း ကာကွယ်ပေးပါသည်။
- ဆိုက်နေးသည် မှိုမျိုးမှုန်များ ဖြစ်ပေါ်ခြင်းကိုလည်း တားဆီးသဖြင့် မှိုရောဂါများ ပျံ့နှံ့ခြင်းကို လျော့နည်းသက်သာစေပါသည်။
- အာလူး၊ စပျစ်၊ ဖရဲ၊ သခွား၊ ခရမ်းချဥ်နှင့် အခြားသော ဟင်းသီးဟင်းရွက်များတွင် ကျရောက် ဖျက်ဆီးလေ့ရှိသည့် ဒေါင်းနီးရွက်ခြောက်ရောဂါ၊ စောပင်နာကျရောဂါ၊ နှောင်းပင်နာကျရောဂါ (လောင်မဲ)တို့ကို အထူးကာကွယ်နှိမ်နင်းနိုင်ပါသည်။
- ရာဇာမန်ကို ကဲ့သို့ မှိုသတ်ဆေးနှင့် တွဲဖက်ရောစပ်၍ အသုံးပြုပက်ဖျန်းပါက ပိုမိုကျယ်ပြန့် သည့် မှိုရောဂါကာကွယ်မှုနှင့် ကုသနှိမ်နင်းခြင်းတို့ကို သေချာစေမည်ဖြစ်ပါသည်။
- ဆေးနှုန်းထား - ဆေးဖျန်းပုံး(၄ ဂါလံ)တစ်ပုံးလျှင် ၃၅ - ၄၀ ဂရမ်

ဇိုးဘုရင်
Difenoconazole 15% + Azoxystrobin 25% SC
ဇိုးဘုရင်

ဇိုးဘုရင်
Difenoconazole 15% + Azoxystrobin 25% SC
- Triazole နှင့် Methoxy Acrylate ဆေးအုပ်စုနှစ်မျိုး ပေါင်းစပ်ပါဝင်၍ ပင်လုံးပြန့်နှင့် ရွေးချယ်မဲ့အာနိသင်အစွမ်းများ ရရှိစေမည့် မှိုရောဂါကာကွယ်ဆေးနှင့် ကုသဆေးဖြစ်ပါသည်။
- အစွမ်းရှိပစ္စည်း(၂)မျိုးပါဝင်သည့်အတွက် ပိုမိုကောင်းမွန်သော အာနိသင်နှင့် ကြာရှည်သော ရောဂါကာကွယ်မှုကို ပေးစွမ်းသည်။
- မှိုရောဂါများကို နှိမ်နင်းနိုင်ရုံသာမက အလင်းမီအစာချက်လုပ်ငန်းကို ထောက်ပံ့သည့်အတွက် သီးနှံပင်၏ ကျန်းမာသန်စွမ်းမှု၊ အရည်အသွေးနှင့် အထွက်နှုန်းကိုပါ တိုးတက်စေပါသည်။
- ရောဂါဖြစ်စေသော သက်ရှိမှိုများ၏ အစောပိုင်းဖွံ့ဖြိုးမှုကာလဖြစ်သည့် မျိုးမှုံများ မျိုးညှောင့် ပေါက်ခြင်းဖြစ်စဥ်ကို ဟန့်တားပေးသည်။ ပက်ဖျန်းသည့် မှိုသတ်ဆေးအား သီးနှံပင်များမှ စုပ်ယူ၍ အပင်ဆဲလ်များအား ထိုးဖောက်တိုက်ခိုက်သည့် မှိုများ၏ အစိတ်အပိုင်းများကို ပျက်စီးစေပါသည်။ မှိုဆဲလ်နံရံဖြစ်ပေါ်ရန်အတွက် လိုအပ်သော sterols ဖွဲ့စည်းမှုကို နှောင့်ယှက်တားဆီးပေးသည်။ ထို့နောက် မှိုမျှင်များ၏ ကြီးထွားဖွံ့ဖြိုးမှုကို ရပ်တန့်ပြီး သေဆုံးသွားစေသည်။
- အရွက်များတွင် စိမ့်ဝင်ထိုးဖောက်၍ လည်းကောင်း၊ အပင်ရေကြောစည်းမှ တဆင့် လည်းကောင်း အပင်အစိတ်အပိုင်းများသို့ လျင်မြန်စွာ ရောက်ရှိပျံ့နှံ့စေသည်။
- မှိုသတ်ဆေးယဥ်ပါးခြင်းဖြစ်စဥ်များ မဖြစ်ပေါ်စေရန် စီမံခန့်ခွဲခြင်းအတွက်လည်း အသုံးပြုသင့် သည့် မှိုသတ်ဆေးဖြစ်ပါသည်။
- ပဲတီစိမ်း၊ မတ်ပဲ၊ ပဲယင်း၊ ပဲပုတ်၊ ဝါ၊ စပါး၊ ဂျုံ၊ ကြံ၊ ခရမ်းချဥ်၊ အာလူး၊ ပြောင်း၊ ကြက်သွန်၊ ငရုတ်၊ ဂျင်း၊ လိမ္မော်၊ ဖရဲ သခွား၊ ထောပတ်၊ သရက်၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးပင်များ စသည့် သီးနှံများတွင် အများဆုံးဖြစ်ပွားလေ့ရှိသည့် ရွက်ပြောက်ရောဂါ၊ ဂုတ်ကျိုးရောဂါ၊ ရွက်ဖုံးခြောက်ရောဂါ၊ စောပင်နာကျရောဂါ၊ နှောင်းပင်နာကျရောဂါ၊ သံချေးရောဂါ၊ ဖားဥမှိုရောဂါ၊ တောက်တဲ့မြီးရောဂါ၊ ရွက်ခြောက်ရောဂါများနှင့် မှဲ့ပြောက်စွန်းရောဂါများကို ကာကွယ်နှိမ်နင်းနိုင်ပါသည်။
- ဆေးနှုန်းထား - ဆေးဖျန်းပုံး(ရေ ၄ ဂါလံ)တစ်ပုံးလျှင် ဆေးရည် ၃၀-၄၀ စီစီ

ဒိုင်ဖန်ဇိုး
Difenoconazole 150 g/L + Propiconazole 150 g/L EC
ဒိုင်ဖန်ဇိုး

ဒိုင်ဖန်ဇိုး
Difenoconazole 150 g/L + Propiconazole 150 g/L EC
- Triazole အုပ်စုဝင် မှိုသတ်ဆေးများဖြစ်သည့် Difenoconazole နှင့် Propiconazole တို့ ရောစပ်ထားသည့် အစွမ်းမြှင့်မှိုသတ်ဆေးဖြစ်ပါသည်။
- အစွမ်းရှိပစ္စည်းများသည် စိမ့်ဝင်ထိုးဖောက်နှင့် ပင်လုံးပြန့်အာနိသင်ရှိပြီး ကြာရှည်သော မှိုသတ်အစွမ်းဖြင့် မှိုရောဂါဖြစ်စေသည့် သက်ရှိမှိုမျိုးစိတ်များကို ကာကွယ်နှိမ်နင်းနိုင်ပါသည်။
- လျင်မြန်သည့် စိမ့်ဝင်ပျံ့နှံ့အစွမ်းရှိသဖြင့် ဆေးဖျန်းပြီး နာရီပိုင်းအတွင်း သီးနှံပင်မှ စုပ်ယူရရှိ၍ အရွက်၊ ပင်စည်နှင့် အမြစ်များသို့ ရွေ့လျားရောက်ရှိစေပါသည်။ အထက်ဘက်သို့ ပိုမိုပျံ့နှံ့ရွေ့ လျားသဖြင့် အရွက်နှင့်အညွန့်သစ်များ၊ အပွင့်များ၊ အသီးများအား မှိုရောဂါများ ကျရောက်၍ ထိခိုက်ပျက်စီးမှုမှ ကာကွယ်ပေးပါသည်။
- မှိုရောဂါ ကျရောက်မှုများအား ရက်ပိုင်းအတွင်း လျော့နည်းသက်သာစေပါသည်။
- ရောဂါများ ဆိုးဝါးပြင်းထန်ချိန်တွင် အာနိသင်ကောင်းမွန်မှုကို ပိုမိုသိသာစေပါသည်။
- ကြာရှည်တည်မြဲသော အာနိသင်ကို ပေးသဖြင့် ဆေးဖျန်းသည့် အကြိမ်ရေကို နည်းပါးစေပါသည်။
- ဒိုင်ဖန်ဇိုးသည် ကျယ်ပြန့်သော မှိုရောဂါကာကွယ်မှုကို ပေးစွမ်းပြီး နှံစားသီးနှံ၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးပင်များ၊ အလှစိုက်ပန်းပင်များတွင် ကျရောက်သည့် ရွက်ဖုံးခြောက်ရောဂါ၊ ဖားဥမှိုရောဂါ၊ မှဲ့ပြောက်စွန်း၊ ရွက်ပြောက်နှင့် ရွက်ခြောက်ရောဂါတို့ကို ကာကွယ်နှိမ်နင်းရာတွင် အသုံးပြုနိုင်ပါသည်။
- ဆေးနှုန်းထား - ဆေးဖျန်းပုံး(၄ ဂါလံ)တစ်ပုံးလျှင် (၁၅-၂၀) စီစီ

မှိုဧကရာဇ်
Thiophanate-methyl 70% WP
မှိုဧကရာဇ်

မှိုဧကရာဇ်
Thiophanate-methyl 70% WP
- Benzimidazole ဆေးအုပ်စုဝင် Thiophanate-methyl 70% WP ပါဝင်သည့် ပင်လုံးပြန့် အစွမ်းရှိ မှိုသတ်ဆေးဖြစ်ပါသည်။
- ရေကြောစည်းအတိုင်း အထက်ဘက်သို့ ပျံ့နှံ့သည့် ပင်လုံးပြန့်မှိုသတ်ဆေး ဖြစ်သဖြင့် မှိုသတ်ဆေးအသုံးပြုပြီး အရွက်နှင့် အညွန့်သစ်များအား ရောဂါကျရောက်ခြင်းမှ ကာကွယ် ပေးနိုင်ပါသည်။
- အပင်မှ လျင်မြန်စွာ စုပ်ယူရရှိနိုင်ပြီး အပင်အစိတ်အပိုင်းများအတွင်း ပျံ့နှံ့မှု မြန်ဆန်၍ အငွေ့ပြန်ဆုံးရှုံးခြင်းလည်း နည်းပါးပါသည်။
- မှိုမျှင်များ၏ ဖွဲ့စည်းဖွံ့ဖြိုးမှုကို ဟန့်တားခြင်းကြောင့် မှိုမျှင်များ၏ အပင်တီသျှူးသားများအား ထိုးဖောက်ခြင်း၊ အနာကွက်ဖြစ်ပေါ်ခြင်းများအား ကာကွယ်ပေးပါသည်။
- မှိုမျှင်များ၏ ကွဲပွားခြင်းနှင့် ဖွံ့ဖြိုးခြင်းကို သက်ရောက်သည့်အတွက် မျိုးပွားမှုစနစ်ကို ထိခိုက် ပျက်စီးစေပါသည်။
- မျိုးစေ့လူးနှယ်ခြင်း၊ မျိုးပိုင်းများအား ဆေးစိမ်စိုက်ပျိုးခြင်း၊ ရွက်ဖျန်းအသုံးပြုခြင်းနှင့် စိုက်ပျိုးမြေအတွင်း ထည့်သွင်းခြင်းဖြင့် အသုံးပြုနိုင်ပါသည်။
- သီးနှံပင်၏ သဘာဝရောဂါခုခံကာကွယ်စနစ်ကို အားကောင်းစေသည့် Phytotonic အာနိသင်ပါဝင်သည်။ ရေတွင် လျင်မြန်၍ ညီညာစွာ ပျော်ဝင်စေသည်။ တစ်ကြိမ် ပက်ဖျန်း ထားရုံဖြင့် သီးနှံပင်အား ၁၂ ရက်မှ ၁၅ ရက်ထိ ကာကွယ်ပေးပါသည်။ ပတ်ဝန်းကျင်၊ လူနှင့်နို့တိုက်သတ္တဝါများအား အဆိပ်သင့်မှု နည်းပါးပါသည်။
- စပါး၊ ပြောင်း၊ ဂျုံ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုတ်၊ ပဲကြီး၊ သင်္ဘော၊ ပန်းသီး၊ လိမ္မော်၊ သစ်တော်၊ ခရမ်းချဥ်၊ ငရုတ်၊ အာလူး၊ ကြက်သွန်၊ ဂေါ်ရခါး၊ ဗူးဖရုံသခွား၊ ပဲစဥ်းငုံ၊ စပျစ် စသည့် သီးနှံများ တွင် အသုံးပြုနိုင်ပါသည်။
- ဂုတ်ကျိုးရောဂါ၊ ရွက်ညိုပြောက်ရောဂါ၊ ရွက်ခြောက်ရောဂါများ၊ ပဲရွက်ပြောက်ရောဂါများ၊ သံချေးရောဂါ၊ ဖားဥမှို၊ အနာဖေးရောဂါ၊ အသီးပုပ်၊ ကိုင်းဖျားခြောက်ရောဂါ၊ မှဲ့ပြောက်စွန်း၊ စောပင်နာကျရောဂါ၊ ကြက်သွန်တောက်တဲ့မြီးရောဂါ၊ ဖျူဆေရီယမ်ပင်ညှိုးရောဂါတို့ကို ထိရောက်စွာ နှိမ်နင်းနိုင်ပါသည်။
- ဆေးနှုန်းထား - ဆေးဖျန်းပုံး(၄ ဂါလံ)တစ်ပုံးလျှင် ဆေးမှုန့် ၆၀-၁၀၀ ဂရမ် - (၁)ဧကလျှင် ၃၀၀-၅၀၀ ဂရမ်

မှိုမာစတာ
Propiconazole 25% EC
မှိုမာစတာ

မှိုမာစတာ
Propiconazole 25% EC
- Triazole အုပ်စုဝင် Propiconazole 25% ပါဝင်သည့် ပင်လုံးပြန့် ရေဖျော်မှိုသတ်ဆေးရည် ဖြစ်ပါသည်။
- လယ်ယာသီးနှံများ၊ အလှစိုက်ပန်းပင်များ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးပင်များနှင့် အလှစိုက်မြက်ခင်းများတွင် မှိုရောဂါအစုံကို ကာကွယ်နှိမ်နင်းရန် အသုံးပြုနိုင်ပါသည်။
- မှိုဆဲလ်နံရံများတွင် Sterol ဟော်မုန်း ဖွဲ့စည်းခြင်းအား ဟန့်တား၍ မှိုရောဂါ ပွားများခြင်း ကို ကာကွယ်နှိမ်နင်းပေးပါသည်။
- သီးနှံပင်များမှ စုပ်ယူကြပြီး တီသျှူးများအတွင်း ပျံ့နှံ့ရောက်ရှိကြလျက် မှိုရောဂါများ အား ရှည်ကြာသော ကာကွယ်မှုကို ပေးစွမ်းပါသည်။
- စပါးရွက်ဖုံးခြောက်ရောဂါ၊ မှိုသီးရောဂါ၊ ရွက်ခြောက်နှင့်ရွက်ပြောက်ရောဂါများ၊ မှဲ့ပြောက်စွန်း၊ ဖားဥမှို၊ သံချေးရောဂါ၊ အနာဖေးရောဂါနှင့် ပဲမြစ်ခြောက်ဆွေးရောဂါတို့ကို ကာကွယ်နှိမ်နင်း နိုင်ပါသည်။
- အခြားအကျိုးကျေးဇူးများ- ပိုးသတ်ဆေး၊ မှိုသတ်ဆေးအများစုနှင့် ရောစပ်အသုံးပြုနိုင်ပါ သည်။
- ဆေးနှုန်းထား - ဆေးဖျန်းပုံး(၄ ဂါလံ)တစ်ပုံးလျှင် ဆေးရည် ၄၀-၅၀ စီစီ

မှိုမင်းသား
Dimethomorph 50% WP
မှိုမင်းသား

မှိုမင်းသား
Dimethomorph 50% WP
- Cinnamic acid amides (morpholine) ဆေးအုပ်စုဝင် မှိုသတ်ဆေးဖြစ်ပါသည်။
- မှိုမင်းသားတွင် ပါဝင်သည့် Dimethomorph သည် Sterols (ergosterol) ဖွဲ့စည်းခြင်းကို နှောင့်ယှက်လျက် ဆဲလ်နံရံများ ဖြစ်ပေါ်မှုကို တားဆီး ၍ နောက်ဆုံးတွင် ရောဂါဖြစ်စေသည့် မှိုများအား သေဆုံးစေပါသည်။
- ပင်လုံးပြန့်အာနိသင်ရှိသဖြင့် အပင်များမှ စုပ်ယူရရှိနိုင်ပြီး တီသျှူးများအတွင်း ပျံ့နှံ့ရောက်ရှိ၍ သီးနှံပင်များအား မှိုရောဂါများ ကျရောက်ခြင်းမှ ကာကွယ်ပေးပါသည်။
- မှိုမင်းသားသည် ဒေါင်းနီးရွက်ခြောက်ရောဂါ၊ နှောင်းပင်နာကျ(လောင်မဲ)ရောဂါများ၏ ရောဂါဖြစ်စေ-သက်ရှိဖြစ်သည့် Oomycetes မှိုမျိုးစိတ်များကို အထူးသဖြင့် ကာကွယ်နှိမ်နင်း နိုင်ပါသည်။
- စပျစ်၊ အာလူး၊ ခရမ်းချဥ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် နှင်းဆီတို့တွင် အသုံးပြုနိုင်ပါသည်။
- မှိုမျိုးမှုံများ ဖြစ်ပေါ်ခြင်းကို ဟန့်တားသည့်အစွမ်းလည်း ရှိသဖြင့် မှိုရောဂါများ ပြန့်ပွားမှုကို ကန့်သတ်တားဆီးပေးပါသည်။
- ဆေးနှုန်းထား - ဆေးဖျန်းပုံး (၄ ဂါလံ)တစ်ပုံးလျှင် ဆေးမှုန့် ၃၀-၄၀ ဂရမ်

ဒိုင်နိုစော
Copper Oxychloride 45% + Kasugamycin 2% WP
ဒိုင်နိုစော

ဒိုင်နိုစော
Copper Oxychloride 45% + Kasugamycin 2% WP
- Inorganic အုပ်စုဝင် ထိသေအစွမ်းနှင့် ကာကွယ်သည့် အာနိသင်ရှိ မှိုသတ်ဆေး ကော့ပါး နှင့် ပင်လုံးပြန့်အစွမ်းရှိသော ကာဆူဂါမိုင်စင် ပေါင်းစပ်ထုတ်လုပ်ထားပါသည်။
- မှိုသတ်ဆေးအဖြစ်လည်းကောင်း၊ ဘက်တီးရီးယားသတ်ဆေးအဖြစ်လည်းကောင်း အသုံးပြု နိုင်ပါသည်။
- သီးနှံပင်များမှ လျင်မြန်စွာ စုပ်ယူရရှိစေပြီး ကြာရှည်သော ကာကွယ်မှုကို ပေးစွမ်းပါသည်။
- မှိုနှင့် ဘက်တီးရီးယားစပိုးတို့၏ အင်ဇိုင်းစနစ်များ ပျက်စီးစေပြီး ပရိုတိန်းဖွဲ့စည်းမှုကို ဟန့်တားခြင်းဖြင့် အပင်ရောဂါများကို ကာကွယ်နှိမ်နင်းပေးပါသည်။
- ဒိုင်နိုစောသည် လယ်ယာသီးနှံများဖြစ်ကြသည့် နှံစားသီးနှံများနှင့် ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက် များ၊ သစ်သီးပင်များ၊ ငရုတ်၊ အာလူး၊ ခရမ်းချဥ်၊ ကြက်သွန်၊ ဖရဲ၊ သခွား၊ ရှောက်သံပုရာ အစရှိ သည့် အပင်များတွင် အသုံးပြုနိုင်ပါသည်။
- စပါးဂုတ်ကျိုးရောဂါ၊ မှဲ့ပြောက်စွန်းနှင့် အသီးပုပ်ရောဂါ၊ ဘက်တီးရီးယားရွက်ပြောက်နှင့် ရွက်ခြောက်ရောဂါများအား ကာကွယ်နှိမ်နင်းနိုင်ပါသည်။
- ဆေးနှုန်းထား - ဆေးဖျန်းပုံး(၄ ဂါလံ)တစ်ပုံးလျှင် ဆေးမှုန့် (၃၀-၆၀)ဂရမ်

မှိုစူပါ
Metalaxyl 35% WP
မှိုစူပါ

မှိုစူပါ
Metalaxyl 35% WP
- Phenylamine-acyl alanine ဆေးအုပ်စုဝင် ပင်လုံးပြန့်အာနိသင်ရှိသည့် မှိုရောဂါ ကာကွယ်-ကုသ မှိုသတ်ဆေးဖြစ်ပါသည်။
- မှိုများ၏ nucleic acid ဖြစ်ပေါ်မှုကို တားဆီးပါသည်။ အထူးသဖြင့် RNA polymerase 1 ကို ဟန့်တားကာ၊ မှိုစပိုးအိမ် (sporangial) ဖြစ်ပေါ်မှု၊ မှိုမျှင်များ (mycelial) ကြီးထွားမှုနှင့် ရောဂါကူးစက်မှုအသစ်များ ဖြစ်ပွားမှုကို ကာကွယ်ပေးပါသည်။
- မှိုစူပါ မှိုသတ်ဆေးအား အပင်များမှ စုပ်ယူနိုင်ကြပြီး အပင်တီသျှူးများတစ်လျှောက် ပျံ့နှံ့ကြ သဖြင့် မှိုရောဂါ များအား ကာကွယ်-ကုသနှိမ်နင်းခြင်းကို ပေးစွမ်းပါသည်။
- အာလူး၊ ခရမ်းချဥ်၊ စပျစ်၊ ကြက်သွန်နှင့် ပဲမျိုးစုံတို့တွင် ဆိုးဝါးပြင်းထန်ပြီး နှိမ်နင်းရခက်သည့် Oomycete အုပ်စုဝင် မှိုရောဂါများ ဖြစ်ကြသည့် ဒေါင်းနီးရွက်ခြောက်ရောဂါ၊ နှောင်းပင်နာကျ (လောင်မဲ)နှင့် အမြစ်ပုပ်-ခါးရိရောဂါတို့ကို ကြာရှည်စွာ အာနိသင် ရှိရှိ ကာကွယ်နိုင်သည့် အစွမ်းထက်မှိုသတ်ဆေးဖြစ်ပါသည်။
- မှိုစူပါ၏ ထူးခြားသာလွန်သည့် အာနိသင်ကို ဆေးယဥ်ပါးခြင်းဖြစ်စဥ် ဟန့်တားစီမံနိုင်စေရန် အခြားသော မှိုသတ်ဆေးများနှင့် အလှည့်ကျအသုံးပြုပေးရန် လိုအပ်ပါသည်။
- ဆေးနှုန်းထား - ဆေးဖျန်းပုံး(ရေ ၄ ဂါလံ)တစ်ပုံးလျှင် ဆေးရည် ၂၀-၃၀ဂရမ်

မှိုစပါယ်ရှယ်
Hexaconazole 5% SC
မှိုစပါယ်ရှယ်

မှိုစပါယ်ရှယ်
Hexaconazole 5% SC
- Triazoles ဆေးအုပ်စုဝင် ပင်လုံးပြန့်မှိုသတ်ဆေးဖြစ်၍ မှိုမျှင်များ၏ ဆဲလ်နံရံဖွဲ့စည်းရာတွင် မရှိမဖြစ်လိုအပ်သော Ergosterol ဖွဲ့စည်းမှုကို ဟန့်တားခြင်းဖြင့် မှိုရောဂါများ ဖွံ့ဖြိုးပျံ့ပွား ခြင်းကို ထိန်းချုပ်နိုင်ပါသည်။
- ဆိုင်းတွဲဆေးရည်ပြင်းပုံစံ ထုတ်လုပ်ထားပြီး မှိုရောဂါများအား ကာကွယ်ခြင်း၊ နှိမ်နင်းခြင်းတို့ တွင် အသုံးပြုနိုင်ပါသည်။ ရောစပ်ပျံ့နှံ့ခြင်းကို လျှင်မြန်သေချာစေပြီး အသုံးပြုရမှုကို လွယ်ကူ စေပါသည်။ သီးနှံပင်များ၏ မျက်နှာပြင်များပေါ်တွင် ညီညာစွာ ဖုံးအုပ်ကျရောက်စေသဖြင့် ရောဂါနှိမ်နင်းမှုကို တိကျလျက် အာနိသင်ကောင်းမွန်မှုအား သေချာစေသည်။
- စပါးရွက်ဖုံးခြောက်ရောဂါ၊ စပါးမှိုသီးရောဂါ၊ စပါးရွက်ညိုပြောက်ရောဂါ၊ အခြားရွက်ပြောက် ရောဂါများ၊ ဖားဥမှိုရောဂါများ၊ သံချေးရောဂါ၊ ရွက်ခြောက်ရောဂါအစုံတို့အား ထိထိရောက် ရောက် ကာကွယ်နှိမ်နင်းနိုင်သည်။
- မှိုရောဂါများအား ကျယ်ကျယ်ပြန့်ပြန့် နှိမ်နင်းနိုင်ပြီး သီးနှံပင်များအား ရောဂါကျရောက်မှု ဒဏ်မှ ကာကွယ်စောင့်ကြပ်ပေးထားနိုင်သဖြင့် စိုက်ခင်းများ၏ အထွက်နှုန်းအား သေချာစေ ပါသည်။
- ဆေးနှုန်းထား- ဆေးဖျန်းပုံး(၄ ဂါလံ)တစ်ပုံးလျှင် ၄၀-၅၀ စီစီ

စူပါမှိုရှင်း
Chlorothalonil 72% SC
စူပါမှိုရှင်း

စူပါမှိုရှင်း
Chlorothalonil 72% SC
- စူပါမှိုရှင်းသည် စိုက်ပျိုးသီးနှံအစုံတို့တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြသည့် အစွမ်းထက်ပစ္စည်း Chlorothalonil 72% ပါဝင်သော မှိုရောဂါကာကွယ်ဆေး ဖြစ်ပါ သည်။
- စိုထိုင်းဆမြင့်မားချိန် (သို့မဟုတ်) မိုးရွာသွန်းသည့်ကာလများ၌ သီးနှံပင်များတွင် မှိုရောဂါများ ကျရောက်မှုကို ကာကွယ်နိုင်ရန် ပက်ဖျန်းအသုံးပြုသင့်သည့် မှိုသတ်ဆေးဖြစ်ပါသည်။
- အချိန်မီကာကွယ်ပက်ဖျန်းထားခြင်းအားဖြင့် မှိုမျိုးမှုန်များ မျိုးညှောင့်ပေါက်ခြင်းအား ဟန့်တား လျက် မှိုရောဂါများ ဖြစ်ပွားပျံ့နှံ့ခြင်းကို တားဆီးကာကွယ်ပေးပါသည်။
- အာလူး (စောပင်နာကျနှင့် နှောင်းပင်နာကျရောဂါများ)၊ ခရမ်းချဥ် (ပင်နာကျနှင့် ရွက်ပြောက် ရောဂါများ) နှင်းဆီ (ရွက်ညိုပြောက်နှင့် ဖားဥမှို) ကြက်သွန်နီ၊ ကြက်သွန်ဖြူ (ဒေါင်းနီးရွက် ခြောက်နှင့် ဥပုပ်ရောဂါ)၊ နှံစားသီးနှံနှင့် ပဲမျိုးစုံ (သံချေးနှင့် ဖားဥမှိုရောဂါ) စသည့် သီးနှံများနှင့် မှိုရောဂါများအတွက် အသုံးပြုနိုင် ပါသည်။
- စူပါမှိုရှင်းသည် စွယ်စုံသုံး မှိုသတ်ဆေးဖြစ်ပြီး သီးနှံအစုံတွင် ကျရောက်တတ်သော မှိုရောဂါ အများအပြားအား အကောင်းဆုံးသော ကာကွယ်မှုကို ပေးစွမ်းပါသည်။
- ဆေးနှုန်းထား - ဆေးဖျန်းပုံး(ရေ ၄ ဂါလံ)တစ်ပုံးလျှင် ဆေးရည် ၄၀-၅၀ စီစီ

ရာဇာမန်ကို
Mancozeb 80% WP
ရာဇာမန်ကို

ရာဇာမန်ကို
Mancozeb 80% WP
- ရာဇာမန်ကိုတွင် Dithiocarbamate ဆေးအုပ်စုဝင် ထိသေအာနိသင်ရှိ Mancozeb 80% ပါဝင်ပါသည်။
- သီးနှံမျိုးစုံတွင် ကျရောက်လေ့ရှိသော မှိုရောဂါအများအပြားကို ကာကွယ်နှိမ်နင်း နိုင်ပါသည်။
- သက်ရှိမှိုဆဲလ်များ၏ အမိုင်နိုအက်ဆစ်နှင့် အင်ဇိုင်းတို့၏ လုပ်ငန်းများအား နှောင့်ယှက်လျက် စွမ်းအင်ထုတ်လုပ်ခြင်း၊ အောက်ဆီဂျင်ရယူခြင်းဖြစ်စဥ်များ အား ဟန့်တားသည်။ ဆေးယဥ်ပါးခြင်းဖြစ်နိုင်ချေ နည်းပါးသည့် မှိုသတ်ဆေး အုပ်စုတွင် ပါဝင်သည်။
- ပဲမျိုးစုံနှင့် နှံစားသီးနှံများ၊ သစ်သီးပင်များ၊ ဟင်းသီးဟင်းရွက်များ၊ အလှစိုက် ပန်းပင်များတွင် ကျရောက်သည့် မှိုရောဂါအမျိုးမျိုးကို ထိရောက်စွာ ကာကွယ်နှိမ် နင်းနိုင်ပါသည်။ စောပင်နာကျ၊ နှောင်းပင်နာကျရောဂါ၊ ဒေါင်းနီးရွက်ခြောက်ရောဂါ၊ ပင်စည်ပုပ် နှင့် အမြစ်ပုပ်ရောဂါ၊ ရွက်ပြောက်ရောဂါများကို ထိရောက်စွာ ကြိုတင်ကာကွယ် နိုင်ပါသည်။
- အာလူး၊ ပြောင်း၊ နှံစားပြောင်း၊ ခရမ်းချဥ်နှင့် နှံစားသီးနှံများအား မျိုးစေ့လူးနှယ်၍ ကျရောက်ဖြစ်ပွားလေ့ရှိသည့် မှိုရောဂါများအား ကာကွယ်နိုင်ပါသည်။
- သက်ရှိမှိုများ၏ ဆဲလ်အတွင်း၌ တစ်ခုမကသော နေရာများကို ထိခိုက်သက် ရောက်စေသည့်အတွက် ဆေးယဥ်ပါးမှုဖြစ်နိုင်ချေနည်းသည့် မှိုသတ်ဆေး အမျိုးအစား ဖြစ်ပါသည်။
- အခြားမှိုသတ်ဆေးများနှင့် ရောစပ်အသုံးပြုနိုင်ပါသည်။
- ဆေးနှုန်းထား - ဆေးဖျန်းပုံး(၄ ဂါလံ)တစ်ပုံးလျှင် ဆေးမှုန့် ၄၀-၅၀ ဂရမ်

စူပါဆာလဖာ
Sulphur 80% DF
စူပါဆာလဖာ

စူပါဆာလဖာ
Sulphur 80% DF
- Inorganic အုပ်စုဝင် မှိုသတ်ဆေးဖြစ်ပါသည်။ မှိုရောဂါကာကွယ်ခြင်းနှင့် ထိသေအစွမ်း မှိုသတ်ဆေးဖြစ်ပါသည်။
- သီးနှံပင်များ၏ အစာချက်လုပ်မှုကို အားကောင်းစေပြီး အရွက်များအား စိမ်းလန်းနေစေပါ သည်။
- အပင်များ ငယ်ရွယ်စဥ်တွင် အမြစ်အဖွဲ့အစည်းနှင့် အကိုင်းအခက်အရွက်များ လျင်မြန်စွာ ကြီးထွားသန်မာစေရန် အားဆေးအဖြစ် အသုံးပြုနိုင်ပါသည်။
- ဖားဥမှို၊ သံချေး၊ အနာဖေးနှင့် အခြားမှိုရောဂါများကို ကာကွယ်ပေးနိုင်ပါသည်။ အပင်ရောဂါ ဖြစ်စေသည့် မှိုများ၏ ဇီဝကမ္မလုပ်ငန်းများကို ဟန့်တားနှောင့်ယှက်၍ ၄င်းတို့၏ ကြီးထွားဖွံ့ ဖြိုးခြင်းနှင့် မျိုးပွားခြင်းတို့အား ကာကွယ်ပေးပါသည်။ ရောဂါပိုးတို့သည် စူပါဆာလဖာနှင့် တိုက်ရိုက်ထိတွေ့၍ ဖြစ်စေ၊ အငွေ့ပြန်ရာမှ အဆိပ်မှိုင်းအနေဖြင့် ဖြစ်စေ ထိခိုက်ပျက်စီးကြ ပါသည်။
- မွှားပင့်ကူများနှင့် စုပ်စားပိုးတို့၏ အကောင်ငယ်အဆင့်တို့ကိုလည်း နှိမ်နင်းနိုင်ပြီး ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့်အပြင် ကုန်ကျစရိတ်နှင့် တွက်ချေကိုက်သော မှိုရောဂါ ကာကွယ်ဆေးဖြစ်ပါသည်။
- အခြားသော ဓါတုမှိုသတ်ဆေးများနှင့် မတူဘဲ ရောဂါပိုးမွှားတို့မှ ဆေးယဥ်ပါးခြင်းဖြစ်နိုင်ချေ နည်းပါးပါသည်။
- အော်ဂဲနစ်ဉယျာဥ်ခြံစိုက်ပျိုးရေးများတွင် ရိတ်သိမ်းခူးဆွတ်ချိန်အထိ အသုံးပြုနိုင်ပါသည်။
- ငှက်များ၊ ပျားပိတုန်းများနှင့် ငါးတို့အား အဆိပ်သင့်နိုင်မှု နည်းပါးပါသည်။

တီထရွိုင်
Tebuconazole 50% + Trifloxystrobin 25% WG
တီထရွိုင်

တီထရွိုင်
Tebuconazole 50% + Trifloxystrobin 25% WG
- Triazoles နှင့် Strobilurin ဆေးအုပ်စု (၂)မျိုး ရောစပ်ထုတ်လုပ်ထားသည့် ပင်လုံးပြန့်-အစွမ်းထက်မှိုသတ်ဆေး ဖြစ်ပါသည်။
- တဗျူကိုနာဇိုး (Tebuconazole)သည် ပင်လုံးပြန့်အာနိသင်နှင့် မှိုရောဂါအများစု ကို နှိမ်နင်းနိုင်စွမ်း ရှိပါသည်။
- ထရွိုင်ဖလောက်ဇီစထရိုဘင် (Trifloxystrobin)သည် အပင်တီသျှူးများအတွင်း စိမ့်ဝင်ထိုးဖောက်ပျံ့နှံ့နိုင်စွမ်းရှိ၍ သီးနှံပင်များအား နုပျိုစိမ်းလန်းနေစေသည့် ဟော်မုန်းအာနိသင်လည်း ရှိပါသည်။
- မျိုးစေ့လူးနှယ်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပြီး သီးနှံ၏ အထွက်နှုန်း၊ အရည် အသွေးနှင့် အဆင်းအရောင်များကို တိုးတက်လှပစေပါသည်။
- အသုံးပြုနိုင်သည့် သီးနှံနှင့် ကာကွယ်နှိမ်နင်းနိုင်သည့် ရောဂါများမှာ စပါး (ရွက်ဖုံးခြောက်၊ ဂုတ်ကျိုး၊ ရွက်ညိုပြောက်၊ စပါးနှံခြောက်ရောဂါ၊ စပါးမှိုသီး)၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲလွမ်း၊ ပဲပုပ် (စာကိုစပိုးရားရွက်ပြောက်၊ သံချေး၊ ဖားဥမှို၊ မှဲ့ပြောက်စွန်း)၊ ကြက်သွန် (တောက်တဲ့မြီး၊ ဒေါင်းနီးရွက်ခြောက်)၊ ခရမ်းချဥ် (စောပင်နာကျ)၊ စပျစ် (ဖားဥမှို)၊ ငရုတ် (မှဲ့ပြောက်စွန်း အသီးပုပ် ကိုင်းဖျားခြောက်၊ ဖားဥမှို)၊ သရက် (ဖားဥမှို၊ မှဲ့ပြောက်စွန်း)၊ ဝါ (အော်တာနေးရီးယားရွက်ပြောက်)၊ ငှက်ပျော (စီဂါတိုးကာရွက်ပြောက်)၊ ပြောင်း (ရွက်ခြောက်ရောဂါ)၊ ဂေါ်ဖီ (အော်တာနေးရီးယား ရွက်ပြောက်/ရွက်ခြောက်)၊ မြေပဲ (ရွက်ပြောက်ရောဂါ)၊ ရုံးပတီ (ဖားဥမှို)၊ ခရမ်း (စာကိုစပိုးရားနှင့် အော်တာနေးရီးယားရွက်ပြောက်ရောဂါ) စသည်တို့ ဖြစ်ပါသည်။
- ဆေးနှုန်းထား - ဆေးဖျန်းပုံး(၄ ဂါလံ)တစ်ပုံးလျှင် ၁၀-၁၅ ဂရမ်