Herbicide
အစွမ်းထက်သော အရည်အသွေးကောင်း ပေါင်းသတ်ဆေးများ

ရာဇာအီမာ
Imazethapyr 10% SL
ရာဇာအီမာ

ရာဇာအီမာ
Imazethapyr 10% SL
- Imidazolinones အုပ်စုဝင် ပင်လုံးပြန်အာနိသင်ရှိ ရွေးချယ်ပေါင်းသတ်ဆေးဖြစ်ပါသည်။
- ပဲမျိုးစုံသီးနှံများဖြစ်သည့် ပဲပုပ်၊ ပဲတီစိမ်း၊ မတ်ပဲနှင့် မြေပဲစိုက်ခင်းများတွင် အသုံးပြုနိုင်ပါသည်။
- ပေါင်းမြက်၊ မြက်မုန်ညင်းအုပ်စုဝင် ပေါင်းပင်များနှင့် ရွက်ပြန့်ပေါင်းပင်များအား ထိရောက်စွာ နှိမ်နင်းနိုင်သည့် ပေါင်းသတ်ဆေးဖြစ်ပါသည်။
- ကုလားပဲသီးနှံတွင် လုံးဝ အသုံးပြု၍ မရပါ။
- အသင့်တော်ဆုံး ဆေးဖျန်းချိန်မှာ ပေါင်းပင်များ အရွက် ၃-ရွက်မှ ၄ ရွက်ထွက်ချိန် (သို့မဟုတ်) သီးနှံစိုက်ပျိုးပြီး ၁၄ ရက်မှ ၂၈ ရက်အတွင်း အသုံးပြုရန် ဖြစ်ပါသည်။
- ဆေးဖျန်းပြီး နောက်သီးနှံစိုက်ရန် စောင့်ဆိုင်းရမည့်ကာလများမှာ အခြားပဲမျိုးစုံ (မြေပဲ၊ပဲပုပ်မှအပ) - ၁၀လ / အခြားသီးနှံများ - ၂၄လ / မြေပဲ၊ပဲပုပ် - စောင့်ဆိုင်းရမည့်ကာလမရှိပါ။
- သီးနှံတစ်ရာသီတွင် (၁)ကြိမ်သာ အသုံးပြုရန်နှင့် သုံးစွဲချိန်တွင် မြေကြီး အစိုဓါတ်ရှိ ရန် လိုအပ်ပါသည်။
- ဆေးနှုန်းထား - ဆေးဖျန်းပုံး (၄ ဂါလံ)တစ်ပုံးလျှင် ဆေးရည် ၈၀ - ၁၂၀ စီစီ

ရာဇာအေမင်း
2,4-D Amine Salt 72% SL
ရာဇာအေမင်း

ရာဇာအေမင်း
2,4-D Amine Salt 72% SL
- Phenoxy-carboxylates အုပ်စုဝင် Growth Regulator ဟော်မုန်းအာနိသင်ရှိ ပင်လုံးပြန့် စပါးရွေးချယ်ပေါင်းသတ်ဆေးဖြစ်ပါသည်။
- စပါး၊ ဂျုံ၊ ပြောင်း၊ ဆီအုန်း၊ ရာဘာစိုက်ခင်းများတွင် ပေါက်ရောက်သည့် ရွက်ပြန့်ပေါင်းပင်များ နှင့် မြက်မုံညင်းတို့ကို ထိရောက်စွာ နှိမ်နင်းနိုင်ပါသည်။
- တိုက်ရိုက်မျိုးစေ့ချစပါးစိုက်ခင်းတွင် စပါးပင်များပေါက်ပြီး (၂၅-၃၀)ရက်သားအတွင်း၊ ပျိုးထောင်စိုက်ခင်းတွင် ပြောင်းရွှေ့စိုက်ပျိုးပြီး (၁၅-၂၀)ရက်သားအတွင်း စပါးခင်းအတွင်း ရေခပ်စပ်စပ် ထားရှိ၍ ပက်ဖျန်းအသုံးပြုပါ။
- မြက်မုန်ညင်းစိမ်း၊ မြက်မုံညင်းဝါ၊ မုံညင်းဥနက်၊ မြက်ကွမ်းသီးလေး၊ ဝက်လာ၊ ရွက်ပြန့်ပေါင်း များဖြစ်သည့် ဝက်ကျွတ်၊ ကတောက်ဆတ်၊ လယ်ပဒူ၊ ပုဇွန်စာ၊ လယ်လေးညှင်း၊ ဟင်းနုနွယ်ဆူးပေါက်၊ ကြိတ်မှန်၊ မှိုနတို၊ ဗေဒါ၊ ရေကန်စွန်း စသည့်ပေါင်းအမျိုးမျိုးအတွက် ထိရောက်စွာ အသုံးပြုနိုင်ပါသည်။
- ဆေးနှုန်းထား - ဆေးဖျန်းပုံး(၄ ဂါလံ)တစ်ပုံးလျှင် ဆေးရည် ၆၀-၈၀ စီစီ

စူပါစတား
Bispyribac-sodium 20% WP
စူပါစတား

စူပါစတား
Bispyribac-sodium 20% WP
- Aryloxyphenoxypropionate အုပ်စုဝင် ပင်လုံးပြန့်အာနိသင်ရှိ စပါးရွေးချယ်ပေါင်းသတ်ဆေး ဖြစ်ပါသည်။
- ပေါင်းပင်များ ပေါက်ရောက်ပြီးချိန်တွင် အသုံးပြုရပြီး ပေါင်းပင်များ၏ အမြစ်နှင့် အရွက်များမှ စုပ်ယူကြပါသည်။
- တိုက်ရိုက်မျိုးစေ့ချ စပါးနှင့် ရွှေ့ပြောင်းစပါးစိုက်ခင်း နှစ်မျိုးလုံးတွင် အသုံးပြုနိုင်ပါသည်။
- ပေါင်းမြက်များ၊ မြက်မုန်ညင်းအုပ်စုများနှင့် ရွက်ပြန့်ပေါင်းများကို နှိမ်နင်းနိုင်ပါသည်။
- စပါးရောင်၊ တက်ကွက်၊ ဝမ်းဘဲစာ၊ မြက်မုန်ညင်းစိမ်း၊ မြက်မုန်ညင်းဝါနှင့် ရွက်ပြန့်ပေါင်းတို့ အတွက် အထူးအသုံးပြုနိုင်ပါသည်။
- မျိုးစေ့ချပြီး (သို့မဟုတ်) ရွှေ့ပြောင်းစိုက်ပျိုးခြင်း ၇ - ၂၁ ရက်အတွင်း စိုက်ခင်းအား ရေထုတ်၍ ပေါင်းသတ်ဆေးအား ညီညာစေ့စပ်စွာ ပက်ဖျန်းပေးပါ။ ထို့နောက် ၁ ရက် - ၂ ရက်အကြာတွင် စပါးခင်းအား ရေစပ်စပ် (၂ - ၂.၅ လက်မခန့်) သွင်းလျက် (၇)ရက်ခန့် ထိန်းထားသင့်ပါသည်။
- ဆေးနှုန်းထား - ဆေးဖျန်းပုံး (၄ ဂါလံ) တစ်ပုံးလျှင် ဆေးမှုန့် ၃၀ - ၅၀ ဂရမ်

စူပါဒေါင်းမင်း
Fenoxaprop-p-ethyl 7.5% EC
စူပါဒေါင်းမင်း

စူပါဒေါင်းမင်း
Fenoxaprop-p-ethyl 7.5% EC
- Pyrimidinyolxy benzoic အုပ်စုဝင် ရွေးချယ်ပေါင်းသတ်ဆေးဖြစ်ပါသည်။
- ပင်လုံးပြန့်အာနိသင်ရှိပြီး ပေါင်းမြက်ပင်များ၏ အရွက်နှင့်အမြစ်များမှ စုပ်ယူကြပါသည်။
- ဒေါင်းမြီးပျံ၊ မြက်သီး၊ ဝမ်းဘဲစာ၊ လက်သည်းခွ၊ တက်ကွက်၊ ဝါးရုံမြက် (ရေမချိုး)၊ ဖော့မြက် စသည့် မြက်မျိုးရင်းဝင် ပေါင်းမြက်များအား အထူးနှိမ်နင်းနိုင်ပါသည်။
- တိုက်ရိုက်မျိုးစေ့ချ စပါးနှင့် ရွှေ့ပြောင်းစိုက်ပျိုးသည့် စပါးခင်းများတွင် အသုံးပြုနိုင်ပါသည်။
- မျိုးစေ့ချပြီး သို့မဟုတ် ရွှေ့ပြောင်းစိုက်ပျိုးပြီး ၁၅ - ၂၅ ရက်သားအတွင်း စိုက်ခင်းအား ရေထုပ်လျက် စူပါဒေါင်းမင်း ပေါင်းသတ်ဆေးအား စေ့စပ်ညီညာစွာ ပက်ဖျန်းအသုံးပြုပါ။ ၃-ရက်မြောက်တွင် စိုက်ခင်းအား ပြန်လည်၍ ရေပေးသွင်းသင့်ပါသည်။
- ဆေးနှုန်းထား - ဆေးဖျန်းပုံး(၄ ဂါလံ)တစ်ပုံးလျှင် ဆေးရည် ၃၀- ၅၀ စီစီ

ပေါင်းစူပါ ၁၀ အီးစီ
Quizalofop-p-ethyl 10% EC
ပေါင်းစူပါ ၁၀ အီးစီ

ပေါင်းစူပါ ၁၀ အီးစီ
Quizalofop-p-ethyl 10% EC
- Aryloxyphenoxy propionate ဆေးအုပ်စုဝင် ပင်လုံးပြန့်အာနိသင်ရှိ ရွေးချယ်ပေါင်းသတ်ဆေးဖြစ်ပါသည်။
- ပက်ဖျန်းပြီး နာရီပိုင်းအတွင်း ပေါင်းသတ်ဆေးအစွမ်းရှိပစ္စည်းသည် ပေါင်းပင်များ၏ ပင်စည်နှင့် အရွက်များသို့ လျှင်မြန်စွာ ရောက်ရှိလျက် ပေါင်းပင်များအား သေဆုံးစေပါသည်။
- ပဲမျိုးစုံနှင့် ရွက်ပြန့်သီးနှံများ ဖြစ်သည့် ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုပ်၊ မြေပဲ၊ ဝါနှင့် ဖရဲစိုက်ခင်းများတွင် ပေါက်ရောက် သည့် မြက်အုပ်စုဝင် ပေါင်းပင်များအား အထူးနှိမ်နင်းပေးပါသည်။
- သီးနှံစိုက်ခင်းများတွင် ပေါင်းပင်များ ပေါက်ရောက်ပြီးမှ အသုံးပြုရသော Post-emergence ပေါင်းသတ်ဆေး အမျိုးအစားဖြစ်သည်။
- မြက်မျိုးရင်းဝင် ရွက်ချွန်းသီးနှံများဖြစ်သည့် စပါး၊ ဂျုံး၊ ပြောင်း စသည့်စိုက်ခင်းများတွင် အသုံးပြု၍ မရပါ။
- ဆေးနှုန်းထား - ဆေးဖျန်းပုံး(၄ ဂါလ)တစ်ပုံးလျှင် ဆေးရည် ၃၀-၅၀ စီစီ

ပေါင်းစပါယ်ရှယ် ၂၅ အက်စ်အယ်လ်
Fomesafen 25% SL
ပေါင်းစပါယ်ရှယ် ၂၅ အက်စ်အယ်လ်

ပေါင်းစပါယ်ရှယ် ၂၅ အက်စ်အယ်လ်
Fomesafen 25% SL
- ရွက်ပြန့်ပေါင်းပင်များအား နှိမ်နင်းနိုင်သည့် Diethyl ether အုပ်စုဝင် ရွေးချယ်ပေါင်းသတ်ဆေးဖြစ်သည်။
- ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုပ်နှင့် အခြားပဲမျိုးစုံသီးနှံများ၊ ဝါနှင့် အာလူးစိုက်ခင်းတို့တွင် ပေါက်ရောက်သည့် ရွက်ပြန့် ပေါင်းပင်များအား ထိရောက်စွာ နှိမ်နင်းနိုင်သော ပေါင်းသတ်ဆေးဖြစ်ပါသည်။
- အသင့်တော်ဆုံး ဆေးဖျန်းချိန်မှာ ပေါင်းပင်များ အရွက် ၃ ရွက် မှ ၄ ရွက် ထွက်ချိန် (သို့မဟုတ်) သီးနှံစိုက်ပြီး ၁၄ ရက်မှ ၂၈ ရက်အတွင်း ဖြစ်ပါသည်။
- ဆေးနှုန်းထား - ဆေးဖျန်းပုံး (၄ ဂါလံ)တစ်ပုံးလျှင် ဆေးရည် ၆၀ - ၈၀ ဂရမ်

ပေါင်းမင်းသား ၃၅ ဒဗလျူပီ
Bensulfuron Methyl 10% + Bispyribac-Sodium 25%
ပေါင်းမင်းသား ၃၅ ဒဗလျူပီ

ပေါင်းမင်းသား ၃၅ ဒဗလျူပီ
Bensulfuron Methyl 10% + Bispyribac-Sodium 25%
- Sulfonyl urea နှင့် Benzoic acid အုပ်စုနှစ်ခုရောထားသည့် ပင်လုံးပြန့်အာနိသင်ရှိ အစွမ်းထက်စပါးရွေးချယ် ပေါင်းသတ်ဆေးဖြစ်ပါသည်။
- ပေါင်းပင်များ ပေါက်ရောက်ပြီး အသုံးပြုရသည့် ပေါင်းသတ်ဆေးဖြစ်ပြီး ပေါင်းပင်များ၏ အရွက်နှင့် အမြစ်များမှ စုပ်ယူကြပါသည်။
- စပါးရောင်၊ တက်ကွက်၊ ဝမ်းဘဲစာ၊ မြက်မုန်ညင်းများနှင့် ရွက်ပြန့်ပေါင်းများကို အဓိကနှိမ်နင်းပေးပါသည်။
- တိုက်ရိုက်မျိုးစေ့ချစပါးခင်းနှင့် ရွှေ့ပြောင်းစိုက်ခင်းများတွင် အသုံးပြုနိုင်ပါသည်။
- မျိုးစေ့ချပြီး (သို့မဟုတ်) ရွှေ့ပြောင်းစိုက်ပျိုးပြီး ၇ - ၂၁ ရက်အတွင်း စိုက်ခင်းအား ညီညာစေ့စပ်စွာ ပက်ဖျန်း အသုံးပြုပေးပါ။
- ပေါင်းသတ်ဆေးမဖျန်းခင် စိုက်ခင်းအား ရေထုတ်ပေးရန် လိုအပ်ပြီး ဆေးဖျန်းပြီး ၁ - ၂ ရက်အတွင်း ရေစပ်စပ် (၂ - ၂.၅ လက်မ ခန့်) ပြန်လည်ပေးသွင်းရပါမည်။
- ဆေးနှုန်းထား - ဆေးဖျန်းပုံး (၄ ဂါလံ)တစ်ပုံးလျှင် ဆေးမှုန့် ၃၀-၅၀ ဂရမ်

ပေါင်းဖေးဘရိတ် ၃၃ အီးစီ
Pendimethalin 33%EC
ပေါင်းဖေးဘရိတ် ၃၃ အီးစီ

ပေါင်းဖေးဘရိတ် ၃၃ အီးစီ
Pendimethalin 33%EC
- Dinitroaniline အုပ်စုဝင် ပေါင်းသတ်ဆေး/ပေါင်းအုပ်ဆေး ဖြစ်ပါသည်။
- ရွေးချယ်အာနိသင်ရှိ၍ ပေါင်းပင်များ၏ အမြစ်နှင့် အရွက်များမှ စုပ်ယူကြပါသည်။
- တစ်နှစ်ခံမြက်များ၊ တစ်နှစ်ခံ ရွက်ပြန့်ပေါင်းများကို ထိရောက်စွာ နှိမ်နင်းနိုင်ပါသည်။
- သီးနှံများ စိုက်ပျိုးပြီး သီးနှံပင်များ မပေါက်မီ၊ သီးနှံပင်များ ပေါက်ရောက်ပြီး အစောပိုင်း၊ ပေါင်းပင်များ ပေါက်ကာစအချိန်များတွင် အသုံးပြုရသည့် ပေါင်းသတ်ဆေးဖြစ်ပါသည်။
- စပါး၊ ဂျုံ၊ ပြောင်း၊ ဝါ၊ ပဲပုပ်၊ အာလူး၊ မြေပဲ၊ ကြက်သွန်၊ နေကြာ သီးနှံတို့တွင် အသုံးပြုနိုင်ပါသည်။
- ဆေးနှုန်းထား - ဆေးဖျန်းပုံး(၄ ဂါလံ)တစ်ပုံးလျှင် ဆေးရည် ၂၀၀-၂၅၀ စီစီ

လယ်မင်းသား
Quinclorac 34% + Bensulfuron-Methyl 6% WP
လယ်မင်းသား

လယ်မင်းသား
Quinclorac 34% + Bensulfuron-Methyl 6% WP
- Quinoline monocarboxylic acid နှင့် Sulfonylurea အုပ်စုနှစ်မျိုး ရောနှောပါဝင်သည့် အစွမ်းထက် စပါးရွေးချယ်ပေါင်းသတ်ဆေးဖြစ်ပါသည်။
- ပေါင်းပင်များ ပေါက်ရောက်ချိန်တွင် အသုံးပြုရသည့် ပင်လုံးပြန့်ပေါင်းသတ်ဆေးဖြစ်ပြီး ပေါင်းပင်များ၏ အရွက်နှင့် အမြစ်များမှ စုပ်ယူကြပါသည်။
- ပေါင်းမြက်များ၊ မုန်ညင်းအုပ်စုနှင့် ရွက်ပြန့်ပေါင်းပင်အမျိုးမျိုးကို နှိမ်နင်းနိုင်ပြီး အဓိကအားဖြင့် မြက်သီး၊ ဝမ်းဘဲစာ၊ မြက်ဝမ်းပူ၊ မြက်မုန်ညင်းဝါ၊ မြက်မုန်ညင်းစိမ်း၊ မြက်ကွမ်းသီးလေး၊ ကတောက်ဆတ်၊ လယ်ပဒူ၊ လယ်လေးညှင်းနှင့် မှိုနတို တို့အား အထူးနှိမ်နင်းနိုင်ပါသည်။
- ဆေးနှုန်းထား - ဆေးဖျန်းပုံး (၄ ဂါလံ) တစ်ပုံးလျှင် ဆေးမှုန့် ၈၀-၁၀၀ ဂရမ်

ဘီအင်အက်(စ်) ဂလိုင်ဖို
Glyphosate 41% SL
ဘီအင်အက်(စ်) ဂလိုင်ဖို

ဘီအင်အက်(စ်) ဂလိုင်ဖို
Glyphosate 41% SL
- Organophosphorus compound အုပ်စုဝင် ရွေးချယ်မဲ့-ပင်လုံးပြန့်အာနိသင်ရှိ ဘက်စုံသုံး ပေါင်းသတ်ဆေးဖြစ်ပါသည်။
- ဘီအင်အက်စ် ဂလိုင်ဖို ပေါင်းသတ်ဆေးအား Isopropylamine Salt ပုံစံဖြင့် ဖော်စပ်ထားပြီး ပေါင်းပင်များအတွင်းသို့ အဆိပ်ရှိပစ္စည်း လွယ်ကူလျှင်မြန်စွာ ရောက်ရှိနိုင်ရန် Polyethoxylated fatty acid (POEA) ကို စိမ့်ဝင်ပျံ့နှံ့ဆေး (Surfactant) အနေဖြင့် ထည့်သွင်း ထုတ်လုပ်ထားပါသည်။ ထို့ကြောင့် ဘီအင်အက်စ် ဂလိုင်ဖို ပေါင်းသတ်ဆေး ပက်ဖျန်းပြီး မိုးရွာသွန်းပါကလည်း ဆေးထပ်မံပက်ဖျန်းရန် မလိုအပ်ပါ။
- အစွမ်းရှိအဆိပ်ပစ္စည်းအား ပေါင်းပင်များ၏ အရွက်များမှ လျှင်မြန်စွာ စုပ်ယူကြပြီး အမြစ်များ သို့ ပို့ဆောင်ကာ ပေါင်းပင်များ၏ ပရိုတိန်းဓါတ်ဖွဲ့စည်းမှုတွင် အဓိကကျသည့် အမိုင်နိုအက်ဆစ် ဖြစ်ပေါ်မှုကို ဟန့်တားခြင်းဖြင့် ပေါင်းပင်များအား သေဆုံးစေပါသည်။
- တစ်နှစ်ခံနှင့် နှစ်ရှည်ပေါင်းပင်အုပ်စုအမျိုးမျိုးကို ထိရောက်စွာ နှိမ်နင်းနိုင်ပါသည်။
- ဘီအင်အက်စ် ဂလိုင်ဖို ပက်ဖျန်းအသုံးပြုပြီးနောက် စိုက်ပျိုးသည့် သီးနှံများတွင် ကြီးထွားမှု ရပ်တန့်ခြင်း၊ အပင်များ အဝါရောင်ပြောင်းခြင်းများ ဖြစ်ပေါ်မှု မရှိစေပါ။
- အကျိုးကျေးဇူးအနေဖြင့် စိုက်ပျိုးသီးနှံများ စိမ်းလန်း၍ ကြီးထွားမှု မြန်ဆန်စေပါသည်။
- ဆေးနှုန်းထား - ဆေးဖျန်းပုံး (၄ ဂါလံ)တစ်ပုံးလျှင် ဆေးရည် ၁၂၀ - ၁၅၀ စီစီ