Insecticide
Insecticide
အစွမ်းထက်သော အရည်အသွေးကောင်း ပိုးသတ်ဆေးများ

ဘီအင်အက်စ် လန်မ်ဒါ၅
(Lambda-cyhalothrin 5% EC)
ဘီအင်အက်စ် လန်မ်ဒါ၅

ဘီအင်အက်စ် လန်မ်ဒါ၅
(Lambda-cyhalothrin 5% EC)
- Pyrethroid (ဆေးဂန္ဓမာ)အုပ်စုဝင် ပိုးသတ်ဆေးဖြစ်သည်။
- ထိသေ၊ စားသေ အာနိသင်အလွန်ပြင်းထန်၍ အဆိပ်ရှိအာနိသင်သည် ဖျက်ပိုးများ၏ ဗဟိုအာရုံကြောစနစ်ကို ထိခိုက်ပျက်စီးစေပါသည်။
- ဆေးဖျန်းပြီးနောက် ဖျက်ပိုးကောင်များကို ချက်ခြင်းပြုတ်ကျ သေဆုံးစေပြီး ပိုးသတ်ဆေးအာနိသင်ကြာရှည်သည့်အတွက် သီးနှံပင်များအားရှည်ကြာသည့် ကာကွယ်မှုကို ပေးစွမ်းပါသည်။
- အကောင်ကြီးအဆင့် ဖလံများအား ပိုးနှင်အာနိသင်၊ ဥနှင့် လောက်ကောင် အဆင့်များအား သေကြေပျက်စီးစေနိုင်သည့် အစွမ်းထက်ပိုးသတ်ဆေးဖြစ်ပါသည်။
- လိပ်ပြာအုပ်စု၊ ခြင်/ယင်အုပ်စု၊ စုပ်စားပိုးအုပ်စု၊ သရစ်လှေးပိုးအုပ်စု၊ ဂျပိုးအုပ်စု၊ ကျိုင်းအုပ်စုနှင့် မွှားပင့်ကူအုပ်စုများအားလုံးကို ကျယ်ပြန့်စွာ ကာကွယ်နှိမ်နှင်းနိုင်ပါသည်။
- ဆေးနှုန်းထား - ဆေးဖျန်းပုံး(၄ဂါလံ) တစ်ပုံးလျှင် ဆေးရည် (၃၀-၅၀)စီစီ

ဘီအင်အက်(စ်)အဘာ၅
(Abamectin 5% EC)
ဘီအင်အက်(စ်)အဘာ၅

ဘီအင်အက်(စ်)အဘာ၅
(Abamectin 5% EC)
- မြေတွင်းအကျိုးပြုအဏုဇီဝပိုးမှ ထုတ်ယူသော ထိသေ၊ စားသေနှင့် စိမ့်ဝင်ထိုးဖောက် အာနိသင်ရှိ Bio-Pesticides ပိုးသတ်ဆေး ဖြစ်သည်။
- အင်းဆက်ဖျက်ပိုးများအပြင် မွှားပင့်ကူသတ်ဆေးအဖြစ်လည်းကောင်း၊ နီမတုတ်သတ်ဆေးအဖြစ်လည်းကောင်း အသုံးပြုနိုင်ပါသည်။
- မွှားပင့်ကူသတ်ဆေးအနေဖြင့် တစ်နှစ် (၃)ကြိမ်ထက် ပိုမဖျန်းမရပါ။ အခြားမွှားပင့်ကူသတ်ဆေးများနှင့် အလှည့်ကျ အသုံးပြုပက်ဖျန်းရမည်။
- မျိုးစေ့များကို လူးနယ်စိုက်ပျိုးခြင်းဖြင့် မြစ်ဖုနီမတုတ်များအား ကာကွယ်နိုင်ပါ သည်။
- အရွက်၏ အထက်အောက်မျက်နှာပြင် အသားလွှာနှစ်ခုကြားရှိ Tissue & Cell အလွှာထဲသို့ ထိုးဖောက်စိမ့်ဝင်ပျံနှံ့သော Trans-laminar action အာနိသင် ရှိပါသည်။
- သီးနှံမျိုးစုံတွင် ဆိုးရွားစွာ ကျရောက်သော မွှားပင့်ကူများ၊ စိန်ကွက်ဖလံ၊ လှေးပိုး၊ ယင်ဖြူ၊ ပိုးစေနဲ၊ အကြေးပိုး၊ ရွက်ထွေးပိုး၊ ငမြှေင်တောင်၊ ရွက်လိပ်၊ ရွက်ကပ်နှင့် ရွက်ထွင်းပိုးများကို ထိရောက်စွာ နှိမ်နှင်းနိုင်ပါသည်။
- အခြားပိုးသတ်ဆေးအုပ်စုများနှင့် ရောစပ်အသုံးပြုခြင်းဖြင့် အာနိသင်ပိုမိုပြင်းထန် သည့် (Synergist effect) အကျိုးကျေးဇူးကို ရရှိစေပါသည်။
- ဆေးနှုန်းထား - ဆေးဖျန်းပုံး (၄ဂါလံ)တစ်ပုံးလျှင် ဆေးရည် (၃၀-၅၀)စီစီ

ရာဇာလာမ်ဒါ Yazar Lambda
Lambda-cyhalothrin 2.5% EC
ရာဇာလာမ်ဒါ Yazar Lambda

ရာဇာလာမ်ဒါ Yazar Lambda
Lambda-cyhalothrin 2.5% EC
- Pyrethroid (ဆေးဂန္ဓမာ) ဆေးအုပ်စုဝင် အဆိပ်ရှိပစ္စည်း Lambda-cyhalothrin 2.5 % ပါဝင်သည့် ရေဖျော်ဆေးရည် ပိုးသတ်ဆေးအမျိုးအစားဖြစ်သည်။
- ပြင်းထန်သည့် ထိသေ၊ စားသေ အာနိသင်ရှိ၍ ဆေးဖျန်းပြီးနောက် ဖျက်ပိုးကောင် များ ချက်ချင်းပြုတ်ကျသေစေသည့်အပြင် ပိုးသတ်အစွမ်း ရှည်ကြာသည့်အတွက် သီးနှံစိုက်ခင်းများအား ကာလကြာမြင့်စွာ ကာကွယ်နိုင်ပါသည်။
- အဆိပ်ရှိပစ္စည်းသည် ဖျက်ပိုးများ၏ ဗဟိုအာရုံကြော အဖွဲ့အစည်းအား တိုက်ခိုက်ပျက်စီးစေသည်။
- ဖလံ အကောင်ကြီးအဆင့်များအား ပိုးနှင်အာနိသင်၊ ဥနှင့်လောက်ကောက် အဆင့်အားလုံးကို သေဆုံးစေနိုင်သည့် အစွမ်းထက်ပိုးသတ်ဆေးဖြစ်ပါသည်။
- လိပ်ပြာအုပ်စု၊ ခြင်/ယင်အုပ်စု၊ စုပ်စားပိုးအုပ်စု၊ သရစ်လှေးပိုးအုပ်စု၊ ဂျပိုးအုပ်စု၊ ကျိုင်းအုပ်စုနှင့် မွှားပင့်ကူအုပ်စု အားလုံးကို ကျယ်ပြန့်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။
- ဆေးဖျန်းပုံး (၄ဂါလံ)တစ်ပုံးလျှင် ဆေးရည် (၃၀-၅၀) စီစီ

ဘီအန်အက် အဆီတာ ၂၀
(Acetamiprid 20% WP)
ဘီအန်အက် အဆီတာ ၂၀

ဘီအန်အက် အဆီတာ ၂၀
(Acetamiprid 20% WP)
- Neonicotinoid အုပ်စုဝင် အစွမ်းထက်ပိုးသတ်ဆေးဖြစ်ပါသည်။
- အင်းဆက်ဖျက်ပိုးများ၏ အာရုံကြောအဖွဲ့အစည်းအား လှုံ့ဆော်လျက် အကြောများ ဆိုင်း၍ တဖြည်းဖြည်းနှင့် သေဆုံးစေပါသည်။
- အင်းဆက်အုပ်စုကိုသာ ထိခိုက်စေသဖြင့် လူနှင့်အခြားနို့တိုက်သတ္တဝါများအား ဘေးကင်း စေပါသည်။
- အပင်များက စုပ်ယူ၍ တီသျှူးများအတွင်း ပျံ့နှံ့နိုင်သဖြင့် မျက်နှာပြင်များတွင် စားသောက် သည့် ဖျက်ပိုးများ၊ စုပ်စားပိုးများအား နှိမ်နင်းနိုင်ပါသည်။
- ပျပိုး၊ ယင်ဖြူ၊ လှေးပိုး၊ ဖြုတ်စိမ်း၊ ဖြုတ်ညို၊ ကျိုင်းများ၊ လှေးကျိုင်းများအား အထူးနှိမ်နင်း ပေးပါသည်။
- လယ်ယာသီးနှံများ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးပင်များ၊ အလှစိုက်ပန်းပင်များတွင် အသုံးပြုနိုင်ပါသည်။
- ဆေးနှုန်းထား - ဆေးဖျန်းပုံး(၄ ဂါလံ)တစ်ပုံးလျှင် ဆေးမှုန့် (၁၅ - ၂၀)ဂရမ်

နျူကလီယား ၅၀အီးစီ
(Profenofos - 50% EC)
နျူကလီယား ၅၀အီးစီ

နျူကလီယား ၅၀အီးစီ
(Profenofos - 50% EC)
- Organophosphate ဆေးအုပ်စုဝင် ထိသေ၊ စားသေအစွမ်းရှိ ရေဖျော်ပိုးသတ်ဆေး ဖြစ်ပါသည်။
- ပိုးသတ်အာနိသင် ပြင်းထန်၍ မွှားပင့်ကူသတ်ဆေးအဖြစ်လည်း အသုံးပြုနိုင်သည်။
- ဖျက်ပိုးများ၏ အာရုံခံအင်္ဂါအဖွဲ့အစည်းတွင်ပါဝင်သည့် Chlorine Channel ၏ ဆောင်ရွက်မှုဖြစ်သော Cholinesterase အင်ဇိုင်းအား ပိတ်ပင်ခြင်းဖြင့် သီးနှံပင် ဖျက်ပိုးများကို သေဆုံးစေပါသည်။
- ဝါ၊ ပြောင်း၊ ပဲမျိုးစုံ၊ အာလူး၊ ဟင်းသီးဟင်းရွက်၊ ဆေးရွက်ကြီး၊ ငရုတ်၊ ကြက်သွန် များတွင် ကျရောက်တတ်သည့် ငမြှောင်တောင်အုပ်စုများကို ဆေးဖျန်းပြီးနောက် ချက်ချင်း ပြုတ်ကျ သေဆုံးစေသည့်အပြင် ပိုးဥများကိုပါ ပျက်စီးစေသည့် ပိုးဥသတ်အစွမ်း ရှိပါသည်။ ထို့အပြင် စုပ်စားပိုးအမျိုးမျိုးနှင့် မွှားပင့်ကူများ၊ ခြများကိုလည်း နှိမ်နင်းနိုင်သည့် အစွမ်းထက်ပိုးသတ်ဆေးဖြစ်ပါသည်။
- ဆေးပက်ဖျန်းပြီး စောင့်ဆိုင်းရမည့် ကာလတိုတောင်းသောကြောင့် ဟင်းသီးဟင်း ရွက်များနှင့် သစ်သီးဝလံ၊ ပန်းမာလ်များတွင်လည်း အသုံးပြုရန် သင့်တော်ပါသည်။
- ဆေးနှုန်းထား -ဆေးဖျန်းပုံး (၄ဂါလံ)တစ်ပုံးလျှင် ဆေးရည် (၄၀-၅၀)စီစီ

Yarzar Cyper ရာဇာဆိုက်ပါ
Cypermethrin 10% EC
Yarzar Cyper ရာဇာဆိုက်ပါ

Yarzar Cyper ရာဇာဆိုက်ပါ
Cypermethrin 10% EC
- Pyrethroid (ဆေးဂန္ဓမာ) ဆေးအုပ်စုဝင်ပိုးသတ်ဆေးဖြစ်သည်။
- ပြင်းထန်သော ထိသေ၊ စားသေ ပိုးသတ်အစွမ်းရှိ၍ ဖျက်ပိုးများ၏ ဗဟိုအာရုံကြောအဖွဲ့အစည်း အား ထိခိုက်စေသည့် ရေဖျော်ပိုးသတ်ဆေးရည် ဖြစ်ပါသည်။
- သီးနှံပင်များတွင် ကျရောက်ဖျက်စီးတတ်သော ဖျက်ပိုးအုပ်စုများစွာကို ထိရောက်စွာ ကာကွယ် နှိမ်နှင်းနိုင်သော ပိုးသတ်ဆေးဖြစ်သည်။ အထူးသဖြင့် စပျစ်၊ ဟင်းသီးဟင်းရွက်၊ အာလူး၊ ခရမ်းချဥ်၊ ဖရဲ/သခွား၊ စပါး၊ ပြောင်း၊ ဂျုံ၊ မြေပဲနှင့် ဆီထွက်သီးနှံအမျိုးမျိုး၊ ဝါတို့တွင် ကျရောက်ဖျက်ဆီးတတ် သော ငမြှောင်တောင်အုပ်စု၊ အရွက်များကို ဖောက်ထွင်းစားသောက်သော ကျိုင်းအုပ်စုနှင့် ခြင်/ယင် အုပ်စုများကို ပြုတ်ကျသေဆုံးစေသည့် အစွမ်းထက်ပိုးသတ်ဆေးဖြစ်ပါသည်။
- ၎င်းအပြင် လူထုကျန်းမာရေးအခြေပြုအနေဖြင့် အိမ်တွင်းပိုးမွှားများဖြစ်သော ခြင်၊ ယင် နှင့် ပိုးဟတ်များကိုလည်း ပက်ဖျန်းကာကွယ်နိုင်ပါသည်။
- ဆေးနှုန်းထား - ဆေးဖျန်းပုံး (၄ ဂါလံ)တစ်ပုံးလျှင် ဆေးရည် (၄၀-၅၀)စီစီ

ပိုးမင်းသား ၅ ဒဗလျူဒီဂျီ
Emamectin benzoate 5% WDG
ပိုးမင်းသား ၅ ဒဗလျူဒီဂျီ

ပိုးမင်းသား ၅ ဒဗလျူဒီဂျီ
Emamectin benzoate 5% WDG
- Avermectin အုပ်စုဝင်ပိုးသတ်ဆေးအမျိုးအစား ဖြစ်ပါသည်။
- Emamectin benzoate 5% ပါဝင်သည့် ရေတွင်ပျော်ဝင်သော ဆေးအခဲ အမျိုးအစားဖြစ်ပါသည်။
- ထိသေ စားသေအာနိသင်ရှိပြီး အပင်တစ်သျှူးအတွင်းသို့ ထိုးဖောက်ဝင်ရောက် ပျံ့နှံ့နိုင်စွမ်းလည်း ရှိပါသည်။
- အဆိပ်သင့်ပြီးနောက် ပိုးကောင်များသည် စားသောက်ဖျက်ဆီးမှုကိုလည်း ရပ်တန့် သွားကြပြီး တဖြည်းဖြည်း အကြောဆွဲ၍ သေဆုံးကြပါသည်။
- စပါး၊ ပဲမျိုးစုံ စသည့် လယ်ယာသီးနှံများတွင် ကျရောက်သည့် ငမြှောင်တောင်၊ ရွက်လိပ်ရွက်ကပ်ပိုးများ၊ ပွင့်ထွေးနှင့် သီးလုံးဖောက်ပိုးများ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးခြံများတွင် ကျရောက်သည့် စိန်ကွက်ဖလံ၊ ထွာကောင်စိမ်းကဲ့သို့ လိပ်ပြာဖလံအုပ်စုဝင် ဖျက်ပိုးများ၊ ပြောင်း၊ ပြောင်းချိုနှင့် ခရမ်းချဥ်တို့တွင် ကျရောက်သော သီးထိုးပိုး၊ ရွက်စားပိုး၊ ငမြှောင်တောင်များကို နှိမ်နှင်းနိုင်ပါသည်။
- မွှားပင့်ကူနှင့် ရွက်ထွင်းပိုးများအား နှိမ်နင်းရာတွင်လည်း အသုံးပြုနိုင်သည်။
- ဆေးနှုန်းထား - ဆေးဖျန်းပုံး(၄ ဂါလံ)တစ်ပုံးလျှင် (၁၀-၂၀) ဂရမ်

အာဝါး ၈၃.၁% ဒဗလျူပီ
Niclosamide-olamine Salt 83.1% WP
အာဝါး ၈၃.၁% ဒဗလျူပီ

အာဝါး ၈၃.၁% ဒဗလျူပီ
Niclosamide-olamine Salt 83.1% WP
- စပါးနှင့် အခြားသီးနှံ အမျိုးမျိုးတွင် ဆိုးရွားစွာဖျက်ဆီးတတ်သည့် ရွှေခရုများကို နှိမ်နင်းနိုင်သည့် စားသေ (အစာဆိပ်သင့်ခြင်း) နှင့် အဆိပ်ငွေ့အာနိသင်ရှိ ခရုသတ် ဆေးဖြစ်သည်။
- မြေတွင်းအောင်း နီမတုတ်များကို နှိမ်နင်းရာတွင်လည်း အသုံးပြုနိုင်ပါသည်။
- ရွှေခရုများသည် တိုက်ရိုက်အစေ့ချစပါးခင်းတွင် စပါးသက်တမ်း (၁)လသား အတွင်း စားသောက် ဖျက်ဆီးကြပါသည်။ ပြောင်းရွှေ့စိုက်ခင်းများတွင် ရွှေ့စိုက်ပြီး (၂-၃)ပတ်သားအတွင်း ဖျက်ဆီးမှုများပါသည်။
- ရွှေခရုများသည် စပါးခင်းအား ဆိုးဝါးစွာ ဖျက်ဆီးနိုင်သောကြောင့် အာဝါးခရုသတ် ဆေးဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။
- ဆေးနှုန်းထား - ဆေးဖျန်းပုံး(၄ ဂါလံ)တစ်ပုံးလျှင် (၃၀-၄၀) ဂရမ် တစ်ဧကလျှင် (၁၅၀-၂၀၀) ဂရမ်
- သတိပြုရန် - ဆေးမဖျန်းမီ စပါးခင်းအတွင်း ရေပမဏ အမြင့်ကို ၁လက်မနှင့် ၂ လက်မခန့် ထားရှိသင့်ပါသည်။

ဒိုင်နိုတီ ၂၀ ဒဗလျူပီ
Dinotefuran 20% WP
ဒိုင်နိုတီ ၂၀ ဒဗလျူပီ

ဒိုင်နိုတီ ၂၀ ဒဗလျူပီ
Dinotefuran 20% WP
- Neonicotinoid ဆေးအုပ်စုဝင် အစွမ်းရှိပစ္စည်း Dinotefuran 20% ပိုးသတ်ဆေးအား စားသောက်စုပ်ယူပြီးနောက် အင်းဆက်ဖျက်ကောင်၏ အာရုံကြောစနစ်အား ပျက်စီးစေသည်။
- လျင်မြန်သော အာနိသင်: သီးနှံပင်၏ အစိတ်အပိုင်းများက လျှင်မြန်စွာ စုပ်ယူနိုင်သည့် ပင်လုံးပြန့်ပိုးသတ်ဆေးဖြစ်သည့်အတွက် ဖျက်ပိုးများအား အကျိုးရှိရှိ နှိမ်နင်းနိုင်သည်။
- အာနိသင် ကောင်းမွန်မြင့်မားမှုနှင့် အချိန်ကြာမြင့်စွာ ပိုးသတ်အစွမ်း ရှိနေစေသည်။
- စိမ့်ဝင်ထိုးဖောက်အာနိသင်: အပေါ်မျက်နှာပြင်ကို ပက်ဖျန်းရုံမျှ အရွက်အောက် ဘက်မှ ဖျက်ပိုးများ နှိမ်နင်းနိုင်သည်။
- အပင်အား စိမ်းလန်းကျန်းမာနေစေပြီး ကြီးထွားဖွံ့ဖြိုးမှုကို အားဖြည့်ကူညီပေး သည့် Phytotonic effect အစွမ်းရှိသည်။
- အရွက်များက လျှင်မြန်စွာ စုပ်ယူနိုင်သည့်အတွက် ဆေးဖျန်း၍ ၃ နာရီကြာပြီး မိုးရွာသွန်းခဲ့လျှင်ပင် ဆေးစွမ်းအာနိသင်မပျယ်ပေ။
- ဆေးနှုန်းထား - ဆေးဖျန်းပုံး ၁ ပုံး (၁၀-၂၀ ဂရမ်) ၁ ဧက လျှင် (၅၀-၁၀၀ ဂရမ်)
အသုံးပြုရန်
နီယိုနီကိုတနွိုက်ဆေးအုပ်စုဝင် ပိုးသတ်ဆေး
ပျပိုး၊ ယင်ဖြူ၊ လှေးပိုး၊ ဖြုတ်ပိုးများ၊ ဆစ်ပိုး၊ ပဲပင်စည်ထိုးယင်၊ ရွက်ထွင်းပိုးများ၊ မြေခွေးပုရစ်များ၊ ဖိုးလမင်းကျိုင်းများ၊ ဇာတောင်ကြမ်းပိုး၊ ကျိုင်းများ၊ ပိုးစေးနှဲများ၊ ပိုးဟပ်များ
စပါး၊ ငရုတ်၊ ရုံးပတီ၊ ဝါ၊ ပဲတီစိမ်း၊ မတ်ပဲ၊ အာလူး၊ ခရမ်းချဥ်၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးပင်များ။

ပိုးမဟာ
Profenophos 50% + Lufenuron 50% EC
ပိုးမဟာ

ပိုးမဟာ
Profenophos 50% + Lufenuron 50% EC
- Organophosphate နှင့် Benzoylurea ဆေးအုပ်စုနှစ်မျိုး ပါဝင်သည့် အစွမ်းမြှင့်ပိုးသတ်ဆေး ဖြစ်ပါသည်။
- ထိသေ စားသေနှင့် ပင်လုံးပြန့်အာနိသင်ရှိ အစွမ်းရှိပစ္စည်းများ ရောစပ်ထုတ်လုပ်ထား ပါသည်။
- အင်းဆက်ဖျက်ပိုးများအပြင် မွှားပင့်ကူများကိုလည်း အထူးနှိမ်နင်းနိုင်ပါသည်။
- ပရိုဖန်နိုဖော့စ်သည် ပွင့်ထွေးပိုး၏ ဗဟိုအာရုံကြောစနစ်အား ဟန့်တားနှောင့်ယှက်ပြီး ဖျက်ကောင်အား သေဆုံးခြင်းကို ဖြစ်စေသည်။ ဖျက်ပိုးဥများကိုပါ ပျက်စီးစေနိုင်သည့် အာနိသင်ရှိသည်။ အရွက်၏ မီဆိုဖီးလ်အလွှာအတွင်းသို့ ထိုးဖောက်စိမ့်ဝင်နိုင်သည့်အတွက် အခြားသောအကျိုးပြုသက်ရှိများအား ဘေးကင်းစေသည်။
- လူဖန်နူရွန်သည် လိပ်ပြာဖလံနှင့်ကျိုင်းအုပ်စုဝင် အင်းဆက်ဖျက်ကောင်များအား နှိမ်နင်းသည့် အပြင် အပင်ကြီးထွားဖွံ့ဖြိုးခြင်းကိုလည်း လှုံ့ဆော်ပေးသည်။ ထိတွေ့သည့် အင်းဆက် ဖျက်ကောင်များအား ဆက်လက်ဖွံ့ဖြိုးခြင်းကို ရပ်တန့်စေခြင်း၊ အရေးကြီးအင်္ဂါအစိတ်အပိုင်း များအား ပုံပန်းသဏ္ဍာန် ပျက်ယွင်းစေခြင်း နှင့် ရေဓါတ်ဆုံးရှုံးခြင်းတို့ကို ဖြစ်စေ၊ နောက်ဆုံး တွင် သေဆုံးစေသည်။
- ပါဝင်သော အစွမ်းရှိပစ္စည်း (၂)မျိုးသည် သဟဇာတဖြစ်မှုမြင့်မားသည့်အတွက် ရှည်ကြာသော ဖျက်ပိုးကာကွယ်နှိမ်နင်းမှုဖြစ်စဥ်ကို သေချာစေသည်။
- သီးနှံမျိုးစုံတွင် အသုံးပြုနိုင်ပြီး စပါးဆစ်ပိုး၊ ရွက်လိပ်ရွက်ကပ်ပိုး၊ ငမြှောင်တောင်၊ ပွင့်ထွေး ပိုး၊ သီးလုံးဖောက်ပိုး၊ စိန်ကွက်ဖလံ၊ ထွာကောင်စိမ်း၊ ရွက်ထွင်းပိုးများကို အထူးနှိမ်နင်းနိုင် ပါသည်။
- ဆေးနှုန်းထား - ဆေးဖျန်းပုံး (၄ဂါလံ)တစ်ပုံးလျှင် ဆေးရည် (၃၀-၅၀)စီစီ

ပိုးမာစတာ ၃၅ အီးစီ
Thiamethoxam 35% EC
ပိုးမာစတာ ၃၅ အီးစီ

ပိုးမာစတာ ၃၅ အီးစီ
Thiamethoxam 35% EC
- Neonicotinoid ဆေးအုပ်စုဝင် Thiamethoxam 35% ပါဝင်လျက် ပင်လုံးပြန့်နှင့် စိမ့်ဝင် ထိုးဖောက်အာနိသင်ရှိ၍ ဖျက်ပိုးအုပ်စုအများကို နှိမ်နင်းနိုင်သည့် ပိုးသတ်ဆေး ဖြစ်ပါသည်။
- သီးနှံပင်များက လျှင်မြန်စွာ စုပ်ယူကြပြီး အပင်၏အစိတ်အပိုင်းအသီးသီးသို့ ပျံ့နှံ့ရောက် ရှိစေသည်။
- ဖျက်ပိုးများသည် အပင်တီသျှူးများကို စားသောက်ရာတွင်လည်းကောင်း၊ ပိုးသတ်ဆေးနှင့် တိုက်ရိုက်ထိတွေ့၍ လေရှုပေါက်များမှ တဆင့်လည်းကောင်း ဖျက်ပိုးကောင်များ၏ အစာလမ်းကြောင်းဆီသို့ ရောက်ရှိကြသည်။
- ပိုးမာစတာသည် ဖျက်ပိုးကောင်များ၏ ဗဟိုအာရုံကြောစနစ်အား ထိခိုက်၊ တုံ့ဆိုင်းစေပြီး တဖြည်းဖြည်းနှင့် သေဆုံးကြသည်။
- စပါးဆစ်ပိုး၊ စပါးကြက်သွန်မြိတ်ပိုး၊ ဖြုတ်ညို၊ ရွက်လိပ်ရွက်ကပ်ပိုးများနှင့် သီးနှံစုံတွင် ကျရောက်သော ပျပိုး၊ ယင်ဖြူ၊ လှေး၊ ဖြုတ်စိမ်း၊ ဖိုးလမင်းကျိုင်း၊ ရွက်ထွင်းပိုးများနှင့် နီမတုတ်များကို နှိမ်နိင်းရာတွင် အသုံးပြုနိုင်ပါသည်။
- စပါး၊ ဝါ၊ ပြောင်း၊ ပဲမျိုးစုံ၊ ကော်ဖီ၊ ရှောက်၊ သံပုရာ၊ လိမ္မော်၊ ဟင်းသီးဟင်းရွက်နှင့် အခြားသီးနှံ များတွင် ကျရောက်သည့် စုပ်စားပိုးများအတွက် အဓိကအသုံးပြုနိုင်ပါသည်။
- ဆေးနှုန်းထား - ဆေးဖျန်းပုံးတစ်ပုံး(၄ ဂါလံ)လျှင် ဆေးရည် ၂၀-၄၀ စီစီ

ပိုးရာဇာ
Beta-cypermethrin 5% + Profenofos 20% EC
ပိုးရာဇာ

ပိုးရာဇာ
Beta-cypermethrin 5% + Profenofos 20% EC
- Organophosphate နှင့် Pyrethroid ဆေးအုပ်စု (ခ)ခု ရောစပ်ပါဝင်နေသည့် ထိသေ စားသေနှင့် စိမ့်ဝင်ထိုးဖောက်အာနိသင်ရှိ အစွမ်းထက်ပိုးသတ်ဆေး ဖြစ်ပါသည်။
- ဖျက်ပိုးကောင် အကောင်ကြီးများအား ပိုးနှင်အာနိသင်၊ လောက်ကောင်နှင့် ပိုးဥမြုံ များအား သေကြေပျက်စီးစေပြီး မွှားပင့်ကူများအားလည်း နှိမ်နင်းနိုင်ပါသည်။
- သီးနှံမျိုးစုံတွင် ကျရောက်ဖျက်ဆီးတတ်သည့် စုပ်စားပိုးအမျိုးမျိုး၊ ရွက်ထွင်းပိုး၊ ယင်ဖြူု၊ လှေးပိုး၊ ပိုးစေးနှဲနှင့် ငမြှောင်တောင်၊ ရွက်လိပ်ရွက်ကပ်ပိုးများကဲ့သို့ ကိုက်ဖြတ်ဝါးစား ပိုးများကို ထိရောက်စွာ နှိမ်နင်းနိုင်ပါသည်။
- Beta-cypermethrin သည် ဖျက်ပိုး၏ ပင်မအာရုံကြောစနစ်ကို ပျက်စီးစေ၍ အကြောသေပြီး စားသောက်မှု ရပ်တန့်၍ သေဆုံးကြပါသည်။
- Profenofos သည် ပိုးလောက်ကောင်များ၏ အာရုံကြောအဖွဲ့အစည်းကို ထိခိုက် စေပြီး ပိုးဥများကိုပါ သေကြေပျက်စီးစေပါသည်။
- စပါး၊ ဂျုံ၊ ပြောင်း၊ သစ်သီးပင်များ၊ အာလူး၊ ပဲပုတ်၊ ပဲတီစိမ်း၊ မတ်ပဲ၊ ဝါ၊ ဆေးရွက်ကြီးနှင့် ဟင်းသီးဟင်းရွက်များ။
- ဆေးနှုန်းထား - ၄ ဆေးဖျန်းပုံး(ဂါလံ) ၁ ပုံးလျှင် ဆေးရည် ၄၀-၆၀စီစီ ၁ ဧကလျှင် ၂၀၀-၃၀၀ စီစီ

စီနာဖက် ၇၅ အက်စ်ပီ
Acephate 75% SP
စီနာဖက် ၇၅ အက်စ်ပီ

စီနာဖက် ၇၅ အက်စ်ပီ
Acephate 75% SP
- Organophosphate အုပ်စုဝင် ပိုးသတ်ဆေး Acephate 75% ပါဝင်သည့် ပင်လုံးပြန့်ပိုးသတ်ဆေးဖြစ်ပါသည်။
- စိုက်ပျိုးသီးနှံများ၊ အလှစိုက်အပင်များတွင် ကျရောက်ကျသည့် စုပ်စားပိုး၊ ကိုက်ဖြတ်ပိုးစသည့် ဖျက်ပိုးမျိုးစုံအား ကာကွယ်နှိမ်နင်းရာတွင် အသုံးပြုနိုင်ပါ သည်။ အထူးသဖြင့် ပျပိုး၊ လှေးပိုးနှင့် လိပ်ပြာဖလံမျိုးရင်းဝင် ဖျက်ပိုးများအား နှိမ်နင်းနိုင်ပါသည်။
- စီနာဖက်သည် အင်းဆက်ဖျက်ပိုးများ၏ အာရုံကြောစနစ်မှ အင်ဇိုင်းများအား ဟန့်တားလျက် အာရုံကြောဆက်သွယ်မှုများ ပြတ်တောက်၍ အကြောသေပြီး သေဆုံးကြသည်။
- သီးနှံမျိုးစုံတွင် ကျရောက်ဖျက်ဆီးတတ်သည့် စုပ်စားပိုးအမျိုးမျိုးနှင့် ကိုက်ဖြတ် ပိုး အမျိုးမျိုးအား အထူးနှိမ်နင်းနိုင်ပါသည်။
- သီးနှံပင်များအား ဆေးလောင်ကျွမ်းမှု မရှိစေသည့် ပိုးသတ်ဆေးဖြစ်ပါသည်။
- ရွက်ဖျန်းအဖြစ်လည်းကောင်း၊ မြေတွင်း ထည့်သွင်း၍လည်းကောင်း အသုံးပြု နိုင်ပါသည်။
- ရွက်ဖျန်းပိုးသတ်ဆေးအဖြစ် အသုံးပြုခြင်းတွင် အပင်၏ အရွက်များမှ စုပ်ယူ ကြလျက် အပင်အတွင်း ပျံ့နှံ့ရောက်ရှိသွားကြသည်။
- ဆေးနှုန်းထား - ဆေးဖျန်းပုံး(၄ ဂါလံ)တစ်ပုံးလျှင် ဆေးမှုန့် (၄၀-၅၀)ဂရမ်

ရာဇာဗိုက်ဘာ ၁၀ ဒဗလျူဒီဂျီ
Emamectin benzoate 5% + Indoxacarb 5% WDG
ရာဇာဗိုက်ဘာ ၁၀ ဒဗလျူဒီဂျီ

ရာဇာဗိုက်ဘာ ၁၀ ဒဗလျူဒီဂျီ
Emamectin benzoate 5% + Indoxacarb 5% WDG
- Oxadiazine နှင့် Avermectin ဆေးအုပ်စု ၂ ခု ရောစပ်ထားသည့် အစွမ်းထက် ပိုးသတ်ဆေး ဖြစ်သည်။
- ပြင်းထန်သည့် ထိသေစားသေ ပိုးသတ်ဆေးအမျိုးအစားဖြစ်ပြီး ဖျက်ပိုးများ၏ ဗဟိုအာရုံကြောအဖွဲ့အစည်းအား ထိခိုက်ပျက်စီးစေပါသည်။
- ထိတွေ့စားသောက်သည့် ငမြှောင်တောင်၊ ပွင့်ထွေး၊ လှေးပိုး၊ ထွာကောင်၊ ခူကောင်၊ ဆစ်ပိုးနှင့် ရွက်လိပ်ရွက်ကပ်ပိုး စသည့်ဖျက်ပိုးကောင်များ၏ အာရုံကြောစနစ်ကို သက်ရောက်စေပြီး ၃ နာရီနှင့် ၄ နာရီအတွင်း စားသောက်မှု ရပ်တန့်သွားခြင်း၊ ခန္ဓာကိုယ်အား မထိန်းမတ်နိုင်ခြင်း၊ အကြောသေခြင်းများ ဖြစ်ပေါ်စေပြီး ၂၄နာရီမှ ၄၈ နာရီအတွင်း သေဆုံးကြသည်။
- စပါး၊ ဝါ၊ ပြောင်း၊ ပဲမျိုးစုံ၊ စပျစ်၊ အာလူး၊ ခရမ်းချဥ်၊ ငရုတ်၊ ဖရဲ၊ သခွား၊ မြေပဲ၊ ဆီထွက်သီးနှံနှင့် ဟင်းသီးဟင်းရွက်များတွင် အသုံးပြုနိုင်ပါသည်။
- ရာဇာဗိုက်ဘာသည် ရာသီဥတုမရွေး၊ နေရာဒေသမရွေး ပက်ဖျန်းအသုံးပြုနိုင်ပြီး အကျိုးပြုအင်းဆက်တွေနဲ့ မိတ်ဆွေသားရဲကောင်တွေကိုလည်း ထိခိုက်မှု အလွန် နည်းပါးပါတယ်။
- ဆေးနှုန်းထား - ဆေးဖျန်းပုံး(၄ ဂါလံ) တစ်ပုံးလျှင် ဆေးခဲ (၁၀-၂၀)ဂရမ်